Sunday, January 7, 2018

လွမ်းစေတီ

နှင်းတွေနဲ့ ခဲနေတဲ့ဆည်းလည်းကလေး
ဆုတောင်းမှုမှာ မမြည်တဲ့ခေါင်းလောင်း
စွန့်ခွာသူတွေရဲ့ခြေရာတွေပဲ
ရင်ပြင်ပေါ် ထင်ကျန်လို့။
အသက်ဓာတ်ဟာ ဘယ်ကလာသလဲသိချင်လို့
နှလုံးထဲ ဓားကလေးနဲ့ ဆွကြည့်တယ်။
ငှက်မြတ်နားမှာ ငှက်ကလေး မနားတော့ဘူး။
ကောင်းလွန်းတဲ့ဟာသတွေဟာ
မျက်ရည်နဲ့အဆုံးသတ်တာပါပဲ။
လွမ်းဆွတ်ခြင်းကို ပြဖို့ တည်ခဲ့သောစေတီကလေးကို ဘယ်သူမှမမြင်။

နွေရိပ်
ဒီဇင်ဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.