Sunday, January 7, 2018

လွမ်းစေတီ

ကိုယ်ကြားဖူးတဲ့ဇာတ်လမ်းမှာ
နားထောင်သူအားလုံး သေပွဲဝင်ရတာပါပဲ
သစ်ရွက်ကလေးလည်း
ညှိုးရော်စွာ ကြွေတယ်
စမ်းချောင်းကလေးလည်း
သွေးခဲပြီး နှလုံးရပ်သွား
နှင်းတွေက ဆက်မကျနိုင်တော့ဘူး
အပြာရောင်တိမ်တေ
လာရာလမ်းအတိုင်း ပြန်ပါစေ
နှလုံးသားနဲ့ ဓားတလက်ရဲ့ကြားမှာ
ထိုးစိုက်ခံလိုက်ရခြင်းပဲ ခြားပါတယ်
ဦးဆွေးဆံမြေ့တည်ခဲ့တဲ့စေတီကလေးမှာ
ဘယ်ငှက်မှ လာမနားဘူး
မသေသေးသ၍
သေနေရဦးမှာ
အဲဒီဆည်းလည်းသံကလေးနဲ့ပဲ
နောက်ဆုံးအနေနဲ့ ချစ်ခြင်းမေတ္တာကို
မျက်ရည်စက်လက် ထွန်းညှိ ပူဇော်ခဲ့ပါတယ်။

နွေရိပ်
စက်တင်ဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.