Sunday, January 7, 2018

လွမ်းစေတီ

မှတ်ဉာဏ်တွေဟာ ဘယ်တော့မှမသေနိုင်ဘူး
တယောက်အသက်ရှူသံမှာ
တယောက်ရဲ့နှလုံးခုန်နှုန်းဟာ မြန်လို့။
နှလုံးသားမှာ အုတ်တချပ်လွတ်ခဲ့လည်း
နာကျင်ငှက်ကလေးအတွက်တော့
မိုးဒဏ်ကနေ လွတ်ကင်းစေခဲ့ပါတယ်။
ဘယ်သူ ပြုံးတဲ့နှုတ်ခမ်းမို့
သေပေးရမှာလဲ။
မျက်ရည်တွေ မိုးအဖြစ် မရွာချနိုင်တော့ဘူးဆိုတာမျိုး
ဆုံတွေ့ခဲ့ခြင်းကို ဌာပနာပြီး
ပျော်ရွှင်မှုတွေကို ငြမ်းအဖြစ်ဖျက်ပစ်ရတာမျိုး
ငါဦးခိုက်ခဲ့သော စေတီကလေး ပြီးစီးသွားတဲ့အခါ
ထီးတော်ကို အသက်နဲ့မိုးခဲ့ရပါတယ်။
ပြန်ရှင်မလာတော့ဖို့ ဆုတောင်းနဲ့။


နွေရိပ်
စက်တင်ဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.