Wednesday, September 4, 2019

ချစ်ခြင်းဟာ မှတ်ဥာဏ်တွေ..

ကျနော်တို့ဟာ လက်ရှိအဖြစ်အပျက်တွေထဲမှာမနေပဲ ကွယ်လွန်ခဲ့ပြီဖြစ်တဲ့နေ့စွဲတွေမှာ ငြိထုံးရစ်ပတ်နေကြတာပါပဲ။ ဥပမာ - မိုးတွေညို့လာတဲ့အခါမျိုးမှာပေါ့။ ဟိုးတုန်းက မိုးစက်တွေထဲ ခုန်ပေါက်ခဲ့ပုံ၊ ဒါမှမဟုတ် တိတ်ဆိတ်ညို့စိုင်းခဲ့ပုံရဲ့ တံခါးလာခေါက်ခြင်းကို အမြဲခံစားမိတတ်ကြတာပဲ။ အတိတ်ကထီးကလေးရဲ့ ရေတစက်စက်ကျပုံကလေး၊ မိုးစွတ်စွတ်မြေသားရဲ့ ချွေးနံ့သင်းသင်းတွေ။ တယောက်ယောက်ကို မိုးပေးခဲ့တဲ့ ကောင်းကင်သေးသေးကလေး အစရှိသဖြင့်ပေါ့။ သူသေကိုယ်သေအနမ်းတွေဟာ အမြဲရှင်ပြန်ထမြောက်တယ်လို့ နှစ်နှစ်ကာကာယုံလည်း အဲ့အချိန်ကနှုတ်ခမ်းတွေကို စိတ်ထဲမှာ နောက်ထပ်တဖန် မက်မက်မောမော နမ်းရှိုက်ချင်ကြတုန်းပါပဲ။ ဒါပေမဲ့လည်း မှတ်ဉာဏ်အဟောင်းတွေကို အဲ့လိုမျိုးရွာချဖော့ထုတ်ပစ်မှ တိမ်တွေလို ပေါ့ပေါ့ပါးပါး ဆက်ပြီး ရွေ့လျားနိုင်မှာမလား။ သိမ်းဆည်းထားတာတွေများလာတဲ့အခါ မှတ်ဉာဏ်ပိတ်ဆို့မှုဒဏ်ကိုအလူးအလဲခံရတော့တာ။ ဘဝမှာ စိတ်လိုလက်ရ ရွာချတတ်ဖို့လည်း တခါတခါ လိုအပ်တယ်မဟုတ်လား။

No comments:

Post a Comment

Note: Only a member of this blog may post a comment.