ခံစားမှုကလွဲရင် ဘာကိုမှ မယုံတာကြာပြီ
ဖြတ်သန်းဖူးတဲ့အနာတရတွေ
နေထိုင်ဖူးတဲ့ ကာလအဆောက်အအုံတွေ
ပတ်သက်ဖူးတဲ့ လူပုဂ္ဂိုလ်တွေ
ခံစားမှုကလွဲရင် ဘာကိုမှ မယုံတာကြာပြီ။
နေခြည်ခိုင်
ဒါမှမဟုတ် နှင်း
နောက်ဆုံးအနေနဲ့ ထရီနတီ
မှတ်ဉာဏ်ထဲက အဆိပ်
အသုံးမကျတဲ့နှင်းဆီ
ရီဝေနေတဲ့တိမ်
Wallpaper ပေါ်က အနမ်း
အဖြေမရှိတဲ့ လမ်းတွေ။
လျှောက်ခဲ့ဖူးတာပါပဲ
ခြေဖဝါးမှာ ပန်းတွေတပ်ပြီး။
လှမ်းခဲ့ဖူးတာပါပဲ
လက်ဖဝါးမှာ အပြုံးတွေဆင်ပြီး။
လွမ်းခဲ့ဖူးတာပါပဲ
မျက်ရည်မှာ သွေးတွေခြယ်ပြီး။
ခံစားမှုကလွဲရင် ဘာကိုမှ မယုံတာကြာပြီ။
ဥပမာ- အခန်းထောင့်က ကြောင်ကလေးတကောင်ရဲ့
နံရံကို ကုတ်ခြစ်ပုံမျိုး
ဥပမာ- စတော်ဘယ်ရီသီးထဲက ကြက်သီးဖုကလေးတွေလိုမျိုး
ဥပမာ- နှလုံးသားထဲက လက်ခလယ်ကလေးလိုမျိုးပေါ့ကွာ။
ညို့နေတဲ့ မိုးတွေကို ပြန်ရုပ်သိမ်းဖို့
ခံစားမှုကလွဲရင် ဘာကိုမှ မယုံတာကြာပြီ။
No comments:
Post a Comment
Note: Only a member of this blog may post a comment.