ဘဝတလျှောက်လုံး လိုက်ရွာတော့မယ့် မိုးတွေထင်ပါရဲ့
အစီခံတွေချည်းပြည့်နေတဲ့ပြာခွက်ထဲ
အဝါရောင်တွေ ထိုးချေပစ်လိုက်တယ်
မင်းပြခဲ့တဲ့ လက်ခလယ်ကလေးကို
ပြတင်းပေါက်ကနေ နောက်ဘဝအထိလှမ်းမြင်နေရတုန်းပဲ
ကြွေသွားတဲ့ သစ်ရွက်ကလေးကို
နှလုံးသားအရှခံပြီး ခုန်ဖမ်းမိတာပါပဲ။
ကျလာတဲ့ ရေစက်ကလေးကို screenshot လှမ်းရိုက်မိတာပါပဲ။
ဒါမှမဟုတ်
ချစ်တယ်မချစ်ဘူး ပွင့်ဖတ်ကလေးကို
looping ပတ်မိနေတာပါပဲ။
ဖဲနိုင်လို့ ရလာတဲ့ လက်မှတ်ကလေးလို့ပဲ မှတ်ယူပါတယ်။
တိုင်တန်းနစ်ဇာတ်လမ်းထဲ
ဘယ်သူမှမနစ်မြုပ်ခင်
ကိုယ်တို့တွေ အသေခံပြီး ဝေးကြရအောင်။
No comments:
Post a Comment
Note: Only a member of this blog may post a comment.