Sunday, April 26, 2015

ဆောင်း ၂၀၁၄

ခရီးဆောင်အိတ်လေးထဲထိုးသိပ်ထည့်ထားတဲ့ တေးသွားအကြေတွေ
တစချင်းပြန်ထုတ်လို့
စနစ်တကျ
တပ်ဆင်ခဲ့။

ကိုင်းဖျားမှာလာနားတဲ့
လည်ရစ်ဖြူငှက်ကလေးလည်း

ထပျံသွားခဲ့ပါပြီ
အပင်အောက်က
ရွက်ခြောက်တွေလည်း
မီးပုံရှို့ခဲ့ပြီးပြီ

ဆေးပြန်သုတ်ထားတဲ့
အုတ်တံတိုင်းအစိမ်းဖျော့ကလေးမှာ
အက်ကွဲရာတွေဘယ်လောက်များနေခဲ့ပြီလဲ
မသိနိုင်တော့။

မပြောဖြစ်ခဲ့သော စကားများ
မကြားရစ်ခဲ့သော နားများ
စာလုံးဆက်ကစားနည်းမှာ
ပါမလာခဲ့တဲ့ နာမ်ပုဒ်တစ်ခုအတွက်နဲ့
ကိုယ်စီနာကျင်ရခြင်းများ
ကိုယ့်တံဆိပ်မှာ
သူ့နာမတော်ခတ်နှိပ်ဖို့
အရာအားလုံး

နှင်းသို့ ရည်ညွှန်းခဲ့ပါတယ်။

 နွေရိပ်
ဒီဇင်ဘာ၊ နှစ်ထောင့်ဆယ့်လေး။

No comments:

Post a Comment

Note: Only a member of this blog may post a comment.