Sign ထိုးပြီး
လွှတ်တင် ဖြတ်ထုတ်ပစ်လိုက်တဲ့
စက္ကူစွန်
အနီရောင်ကလေး
ဟိုးအဝေး
တစ်နေရာဆီမှာ
လေရဟတ်ကလေး
လည်နေတုန်းပဲ ဆိုတာလည်း
သိခဲ့ပါရဲ့
စိန်ပန်းအပြာတွေဟာ
မပြာတော့ဘူး
ကိုယ်သင်းနံ့
သဲ့သဲ့ကလေးရတယ် လို့
တိုးဖွဖွ
ရွတ်ဆိုပြီးမှ အသက်ကို ဆက်ယူရတယ်
ပြိုပျက်သွားသော
ဘူတာရုံအိုကလေး နဲ့
လက်မှတ်ဖြတ်ပိုင်းများ
အရောင်လွင့်
ဓာတ်ပုံဆေးသားများ
လှိုင်းမပုတ်ခင်ကလေး
ပျော်ခွင့်ရလိုက်သော
ကမ်းခြေပေါ်က
စာသားတွေ
တစ်ချို့နေ့စွဲတွေထဲ
ထည့်ပိတ်သိမ်းဆည်းထားဆဲ
ဆံနွယ်အကြွေများ
လွတ်ကျသွားတဲ့
ကော်ဖီခွက်ကလေးကို
စိတ်ကူးထဲ
ခဏခဏ ဖမ်းလို့မိတယ်
ပြန်လာမယ်
ပြောခဲ့တဲ့ သစ်ရွက်ကလေးရဲ့
ကြွေဆင်းသွားပုံမှာ
တစ်သံသရာလုံး
အကျဉ်းကျလို့
ပျော်ပျော်ကြီး
ရွာချပစ်လိုက်သော
အဲဒီ နမိတ်ပုံကလေးအား
နှင်းဆိုးဖြူတွေ
လို့
လက်ဖျံပေါ်
တစ်စုံတစ်ဦး
လက်ဖျံပေါ်
တစ်စုံတစ်ဦး
ရေးထိုးကောင်း
ရေးထိုးခဲ့ပါလိမ့်မယ်။
နွေရိပ်
၁၃၊ စက်တင်ဘာ၊
၂၀၁၅
No comments:
Post a Comment
Note: Only a member of this blog may post a comment.