မမဟာ ဘယ်တုန်းကမှ ရှိမနေခဲ့ပါဘူးလို့ ခပ်နှိမ်နှိမ်တွေးတော့
အတွေးထဲက မမက ရယ်တယ်။ ဟက်ဟက်ပက်ပက်ကို ရယ်တယ်။
ပြီးတော့ သူ့ညာဖက်လက်ချောင်းကလေးတွေကို သေနတ်ပုံစံကွေးပြီး
ကျွန်တော့်နားထင်နားတေ့ပစ်တယ်။ ကျွန်တော် သေပေးလိုက်ရတယ်။
မီးခိုးအူနေတဲ့ သေနတ်ပြောင်းဝကို လေနဲ့ မှုတ်ငြိမ်းတဲ့ပုံစံလေး မမ လုပ်တဲ့အခါ
နောက်တစ်ကြိမ် ထပ်သေပေးရတယ်။
အမြင်ကတ်ဖို့ကောင်းလွန်းတဲ့ ချစ်စရာဥပါဒါန်မလေးပဲ လို့
သေနေရင်းတန်းလန်း တွေးမိတော့ ကျွန်တော် အကယ်တင်ခံရတယ်။
မမ သေနတ်ပဲ ကျည်ကုန်သွားမှာ မမရဲ့ လို့ ပြောပြီး ထထိုင်တယ်။
ရှင်သန်ခြင်းဟာ မမကြောင့်ပဲ ရနံ့မွှေးရသလိုလိုနဲ့..။
No comments:
Post a Comment
Note: Only a member of this blog may post a comment.