Sunday, October 25, 2015

မိဂဒါဝုန်

ဗုဒ္ဓဟာ ကြယ်တွေကို ကြည့်ရင်း
ကြွလာခဲ့။


"အဘယ်သူကို ရည်မှန်းလျက်
ရဟန်း ပြုဘိသနည်း"


အနန္တဇိန ဆိုတဲ့စကားဟာ
နောင်အခါ စာပါ့လင်
ဇေတ၀န်လာဖို့ရာ သနားတော်မူခဲ့တဲ့
Pass code ကလေးပဲ။


ထို့နောက်..


ဗုဒ္ဓဟာ မိဂဒါဝုန်သို့ ခြေကျင်ဖြင့်သာ
ဆက်လက်ကြွလှမ်းတော်မူခဲ့ပါတယ်
ဥပက ကို ကျောခိုင်းရင်း
ကြယ်တွေကို ရေတွက်ရင်း
ပြုံးလို့။


နွေရိပ် 
နှစ်ဆယ်၊၊ အောက်တိုဘာ၊ နှစ်ထောင့်ဆယ့်ငါး

No comments:

Post a Comment

Note: Only a member of this blog may post a comment.