ရှင်ဥပဂုတ္တဟာ ခွေးသေကောင်ပုပ်ကြီးကို
ဖန်ဆင်းလိုက်ပြီ
ခါးပန်းကြိုးကို ချွတ်လို့ လေထဲ
တ၀ှီးဝှီးယမ်းနေပြီ။
မြင်းမိုရ်ဟာ ယိမ်းလို့ ခါလို့
ယုဂန်ဟာ တုန်လို့ လှုပ်လို့
ကြွေးကြော်အားပေးသံများ
စကြာဝဠာအလုံး ပွင့်အံထွက်လို့။
ဝဲဖက်လက်ရုံးတော်အား
ဝံ့မြှောက်ဆန့်တန်း၍
မထေရ်မြတ် မြစ်တော်မူပုံ
မောက်မာလွန်း
မြစ်တော်မူပုံ မာထန်လွန်း။
ဗုဒ္ဓပေါင်တော်ထက်
ချမ်းမြေ့စွာ အိပ်ပျော်ရှာသူ မာရ်နတ်
ပြုံးလျှက်
ရွှင်လျှက်
ကြည်လင်လျှက်
မွှေးညှင်းဖျားသော်မှ အပူစက်မစွန်း။
နွေရိပ်
အောက်တိုဘာ၊ နှစ်ထောင့်ဆယ့်ငါး
No comments:
Post a Comment
Note: Only a member of this blog may post a comment.