ရဟန်းကြီး ဂေါတမ ရှိရာအရပ်ကို စုံစမ်းဖို့
Time Machine ပေါ်က ဆင်းလာတဲ့ သုဘာဒ်ဟာ
မာရ်နတ်မင်းရဲ့ သမီးတော်သုံးပါးနဲ့
အခိုက်အတန့်တစ်ခုမှာ သွားဆုံတယ်..။
မွေးနေ့ဆုတောင်း သီချင်းကို
သဟမ္ပတိ သီဆိုဖျော်ဖြေပြီးသောအခါ
သုံးဆယ့်ငါးနှစ်မြောက် ဘက်ဒေးကိတ်ပေါ်မှ
ဖယောင်းတိုင်မီးတို့အား ငြှိမ်းသတ်၍
ဗုဒ္ဓဟာ ပြုံးတော်မူပါတယ်
နောက်ပြီး
စကားကောင်းခွန်းမြိန်တို့ကို ဆိုတယ်
တစ်နှစ်သားတောင် မရှိသေးပါဗျာ တဲ့
စကြ၀ဠာတိုက်တစ်သောင်းတို့
အိုးထိန်းစက်သို့ လည်ကုန်ကြ..။
ထိုစဉ်ခဏ
သုဘာဒ် ဆက်ကပ်သည့် ယာဂုချိုတို့အား မြေပေါ် သွန်ချ၍
Time Machine ပေါ်
ဝယဓမ္မာ သင်္ခါရာ ဖြင့်
ဆန်းကြယ်စွာ ဗုဒ္ဓ ကြွတော်မူပုံ..။
ဓာတ်တော်ဝေနေဆဲ ဒေါဏများ
ဆိတ်ကျောင်းညောင်ပင်ရင်း၌
ဗုဒ္ဓ ၀င့်တော်မူခဲ့သည့် နှင်တံဖျားကိုမျှ
ဖူးခွင့်မကြုံ..။
နွေရိပ်
နှစ်ဆယ့်တစ်၊ ဇူလိုင်၊ နှစ်ထောင့်ဆယ့်ငါး
No comments:
Post a Comment
Note: Only a member of this blog may post a comment.