လေထဲကို ပျံမတက်ခင်မှာ စက္ကန့်တွေကို အသေအချာရေတွက်ခဲ့ပါတယ်။ အတောင်ပံမပါပေမဲ့ ရဲရဲခုန်ဆင်းပစ်ရမယ့် ချောက်နက်နက်တွေ။ ပြေးလမ်းမရှိလည်း ငါ ပျံနိုင်ပါတယ်။ အနည်းဆုံးတော့ မျက်ရည်စက်လက်ကြားက ငါပျံနိုင်တယ်လို့ ထင်တုန်းပဲ။ ခလုတ်တချက်နှိပ်ရုံနဲ့ ငါ့ကိုယ်ငါဖောက်ခွဲပစ်ဖို့။ ဘယ်တော့မှ မကိုင်တဲ့ နံပါတ်တွေ။ ဆက်သွယ်မှုဟာ ငါတို့ခေတ်အထိ ဧရိယာပြင်ပပဲ။ ကန်းနေတဲ့ မျက်လုံးကို ငါ့လက်နဲ့ ငါထိုးကော်လည်း သွေးအဖြူပဲထွက်တယ်။ ငါအကူအညီတောင်းမိတဲ့ သေဆုံးခြင်းထက် အသက်ဓာတ်က ပိုအားကြီးနေတဲ့အခါ ပရောမီးသိယပ်စ်ရဲ့
အသည်းကို အဲဒီငှက်တွေ ခဏခဏစားတော့တာပဲ။ လည်ပင်းက ကြိုးရာတွေအတွက် ထုပ်တန်းတွေကို
ငါ အားနာမိပါတယ်။ ခဏခဏပျက်ကျဖို့အတွက် ခဏခဏခုန်ချရပါတယ်။ ခလုတ်တချက်နှိပ်ရုံနဲ့ ငါ့ ကိုယ် ငါ
ဖောက်ခွဲပစ်နိုင်ဖို့
လေ
ထဲ
ကို
ပျံ
မ
တက်
ခင်
စက္ကန့်တွေကို ငါ အသေအချာ ရေတွက်ခဲ့ပါတယ်။ နောက် ပြန် ..။
နွေရိပ်
ဇန်န၀ါရီ၊ ၂၀၁၈။
No comments:
Post a Comment
Note: Only a member of this blog may post a comment.