ဘာအသံမှ မကြားရတော့တဲ့ သမုဒ္ဒရာအောက်ထဲမှာ လူးလှိမ့်နေတဲ့ ငါ့ကိုယ်ငါ ပြန်မြင်ရ။
ငါ့အနားမှာ ငါပဲရှိတယ်ဆိုတဲ့ စကားကို ပြက်ရယ်ပြုပြီး ငါ့အနားက ငါပြန်ထွက်ခွာလာတဲ့ ငါ့ပုံရိပ်တွေ။ မျက်လုံးတွေ အများကြီး ငါ့တယောက်တည်းကိုပဲ ပစ်စိုက်ခံရ။
ဟားတိုက်ရယ်နေတဲ့ တိမ်တွေ။ လေထဲမှာ လွင့်လိုက်၊ မြေပေါ်တရှိန်ထိုး ငါ ပြန်ကျလိုက်။ ငါ ခြောက်ခြားနေတာကို ငါ ပြန်ရယ်တယ်။ ရယ်နေတဲ့ငါ့ကို အမှောင်ထုက ဆွဲချနေတုန်း
ငါ့ကို ဆွဲချသွားတဲ့ အမှောင်ဟာ ငါ့လောက် နက်ရှိုင်းပါ့မလား လို့ တွေးပြီး ငါ ထပ်ရယ်တယ်။
မောလာတဲ့အခါ ငါ ထိုင်ငိုတယ်။ မျက်ရည်ရော၊ အသံရော ထွက်ကျမလာတော့တဲ့အထိ ငါ ငိုတယ်။ အမှောင်ထဲမှာပဲ အမှောင်တွေတဆင့်ပြီးတဆင့် မီးရှူးမီးပန်းတွေလို ဖြာထွက်နေပုံမျိုး ဘယ်သူတွေ မြင်နိုင်ကြလဲ။ အသက်ကြေးလောင်းချင်ပေမဲ့ ငါ့အသက်ကို ပေးခဲ့ရပြီးပြီဖြစ်တဲ့အကြောင်း ငါ့မျက်လုံးတွေကို ကြည့်ရုံနဲ့..။
ငါ့  မျက် လုံးေ တွ ကိုြ က ည့် ရုံ နဲ့ ။
ငါ့ကိုယ်ငါ ရွံရှာနေတဲ့ အကြည့်တွေနဲ့။ ငါ မပါပဲ ကမ္ဘာလည်နေပုံတွေနဲ့။ တိတ်ဆိတ်ခြင်းဟာ ခြေသံပြင်းပြင်းနင်းပြီးရောက်လာခဲ့ပုံတွေနဲ့။
ဒဏ်ရာကသွေးကို လျှာနဲ့သပ်ပြီး ငါ မအံ့သြခဲ့ပုံတွေ။
နွေရိပ်
ဇန်န၀ါရီ၊ ၂၀၁၈။
No comments:
Post a Comment
Note: Only a member of this blog may post a comment.