လီလီ့မျက်လုံးတွေ
ဇာတ်လမ်းအစအဆုံးကို
သယ်ဆောင်သွားတဲ့အရာဟာ
ဘာလဲလို့မေးရင် လီလီ့မျက်လုံးကလေးတွေလို့ ဖြေမယ်။ လီလီပန်းတွေ ပွင့်မယ်။ ပြီးရင်
ခြောက်သွေ့သွားမှာပဲ။ လီလီ့
မျက်လုံးတွေဟာ ဘယ်တော့မှ မသေဆုံးဘူး။ အပျော်ရွှင်ဆုံးအရာကို စဉ်းစားပြီး အကောင်းမွန်ဆုံး အကာကွယ်မန္တာန်ကို ထုတ်လွှတ်ဖို့ဟာ လီလီ့မျက်လုံးကလေး မမြင်ယောင်ပဲ ဖြစ်နိုင်ပါ့မလား သူစဉ်းစားတယ်။ တခါတလေမှာ စိမ့်ဝင်နေတဲ့
အပျော်အရွှင်တွေနဲ့ မစဉ်းမစား
အလင်းရောင်တွေကို
လီလီ့မျက်လုံးတွေကပဲ
ထုံကူးခဲ့ရတာပါပဲ။
အမှောင်အမိုက်ကို Dark inside
တွေထဲမှာ တောင့်ခံထားရပေမဲ့
အဲဒီမီးအိမ်ကလေးကို သူဘယ်တော့မှ
မဆုံးရှုံးဘူး။ အမြဲအတွန်းထုတ်ခံရပေမဲ့ သူအမြဲပွေ့ပိုက်ထားခဲ့တာပဲ။ လီလီ့မီးအိမ်ကလေးဟာ ဘာကြောင့်.. လို့ ဆိုပြီး
သူဆက်မတွေးတော့ဘူး။
လီလီ့မျက်လုံးကလေး
ပျောက်ဆုံးသွားပြီထင်ခဲ့ပေမဲ့
အသွင်တမျိုးနဲ့ သူကောက်ရခဲ့တာပဲ။
ဟုတ်တယ်။ စွမ်းအင်ဟာ ဘယ်တော့မှ မပျက်စီးဘူး။ လီလီ့မျက်လုံးကလေးတွေဟာ ဘယ်တော့မှ မပျက်စီးဘူး။
ဝမ်းနည်းဖို့ကောင်းတာက
လီလီ့မျက်လုံးကလေးတွေ ရှိပြီး
လီလီမရှိတော့တာပဲ။
ပျော်ရွှင်ဖွယ်ဟာလည်း
လီလီမရှိတော့ပေမဲ့
လီလီ့မျက်လုံးကလေးတွေ
ရှိနေသေးတာပဲ။ ဖန်ခွက်ထဲ ရေဘယ်လောက်ကျန်သလဲထက် အေးမြဖန်ခွက်ကလေးကိုယ်တိုင်ဟာ လီ့လီ့မျက်လုံးတွေပေါ့။ နောက်ဆုံးအဆိပ်ကို လီလီ့မျက်လုံးကလေးတွေ မမြင်တွေ့နိုင်တော့ခြင်းမှာ သူ တည်တည်ငြိမ်ငြိမ် ကောက်မော့ပစ်ခဲ့တာပေါ့။ ဇာတ်ကြောင်းဟာ
ဆွတ်ပျံ့ဖွယ်ကောင်းပေမဲ့
အသက်ဓာတ်မှာလည်း
ရှိန်းမြစူးချွန်ကလေး ရှိနေတတ်တာ
မေ့မသွားစေချင်လို့
လီလီ့မျက်လုံးကလေး ပါရုံနဲ့
ဆိုပြီး ရပ်ပစ်ခဲ့ပါတယ်။
လီလီပန်းတွေဟာ ပွင့်ပြီး ပြန်ခြောက်သွေ့သွားမှာပါပဲ။ တိုက်လာတဲ့လေတွေဟာ ဝေ့ဝဲပြီး ပြန်ငြိမ်သွားမှာပဲ။ ပျော်ရွှင်ဖွယ် အရေးအသားပါပဲ။
မပိုင်ဆိုင်ခဲ့ရတဲ့
ချစ်ခြင်းမေတ္တာတောင်မှ ဘယ်တော့မှ
မပျက်စီးဘူး။ လီလီ့မျက်လုံးကလေးတွေအတိုင်း။
No comments:
Post a Comment
Note: Only a member of this blog may post a comment.