Sunday, January 7, 2018

ဆောင်း ၂၀၁၆

လက်ပစ်ဗုံးထဲ
နှင်းတွေစုပြီးထည့်ထားတယ်
မနက်ခင်းဖွေးဖွေးလေးအတွက်
စနက်တံပင်န်ကလေးကို စတင်ဆွဲဖြုတ်သူဟာကိုယ်ပါ
ချစ်ခင်သူတွေ ဘယ်မလဲ
အေးမြမှုထဲ
အာငွေ့နွေးနွေးကလေးတွေခေါက်ပြီးသိမ်းထားတယ်
အနီရောင်သိုးမွှေးဦးထုပ်ကလေးအတွက်
လုံခြုံမှုချည်ကလေးတမျှင်ကို စတင်ရစ်ငင်လိုက်သူဟာကိုယ်ပါ
ချစ်ခင်သူတွေ ဘယ်မလဲ
ငွေရောင်တိမ်သားစထဲ
မီးခိုးနံ့ကလေးတွေစပ်ပြီးခြယ်သထားတယ်
ကလေးငယ်တွေရဲ့ ပေါ့ပါးလန်းဆတ်မှုမျိုးအတွက်
လေတံခွန်ကလေးရဲ့အမြင့်ဆုံးပျံတက်နိုင်မှု
ပင့်အားတွေကို စတင်လွှင့်မြှောက်လိုက်သူဟာကိုယ်ပါ
ချစ်ခင်သူတွေ ဘယ်မလဲ
စိတ်မှတ်နဲ့ နီးဝေးနေရခြင်းတွေပါ
အချိန်တန်တဲ့အခါ ပင်လယ်ထဲစီးဆင်းသွားမယ့်
မြစ်ရေတွေပါ
ချစ်ခင်သူတွေ ဘယ်မလဲ
ဒဏ်ရာတွေမပါဘဲ
မေတ္တာဖြင့် ပို့ဆက်လိုက်သော ဆောင်းပါ
အတိမ်းအစောင်းမရှိ အေးပါစေ။

နွေရိပ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.