Sunday, January 7, 2018

ဆောင်း ၂၀၁၇

ရိုးမြေကျနှင်းတွေ
အိုအောင်မင်းအောင်အေးစက်မှု
တိခနဲဓားချွန်မှာ လာစိုက်တဲ့ပန်း
မြင်အောင်ကြည့်တဲ့အခါ စိမ့်နေအောင်အေးပါတယ်
လက်လုပ်ကြယ်သေနတ်ကလေးနဲ့ ပစ်တဲ့အလင်းဟာ အဲဒီပုလင်းကလေးကို ဘယ်ဖောက်နိုင်ပါ့မလဲ
ရထားလမ်းမတွေ သိပ်ရှည်လျားတာပ
ဖိနပ်သဲကြိုးကလေးရဲ့ လျှောက်နိုင်အားဟာ
အသက်တမျှပါးလျလို့
ခေါင်းလှုပ်ရင် တဖွဲဖွဲကျတဲ့ နှင်းပွင့် Effect တွေ
ဆောင်းစစ်စစ်ကို ရဖို့
အရိုးကွဲအောင် အေးခဲ့ရ
မြစ်လို့ပြောလည်း ဆက်မစီးတော့ဘူး
နာကျင်မှုဟာ အငွေ့ပျံသွားလည်
ဒဏ်ရာအဖြစ် ပြန်ရွာချလို့
မတိတ်နိုင်တော့တဲ့မျက်ရည်ဟာပင်လယ်ဖြစ်တယ်
နှင်းလို့တဖွဖွရွတ်လည်း မာကြောစိမ်းဆတ် နီရက်တယ်။

နွေရိပ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.