Sunday, January 7, 2018

ဆောင်း ၂၀၁၅

မီးခိုးနံ့သင်းနေတဲ့ တိမ်တွေ
ဇာပုဝါအောက်က သတို့သမီးမျက်နှာလေးလို
ရှက်သွေးဖြာနေသေ
အသစ်စက်စက် မနက်ခင်းများ
အိပ်မက်ဟာ နှလုံးသားကို
တံခါးလာခေါက်နေခဲ့ပါပြီ
ပုခုံးချင်းတိုက်မိတုန်း မမှတ်မိပါဘဲ
ဒိုင်ယာရီထဲ
ရနံ့တစ်ချို့ စွဲကျန်ရစ်ခဲ့
ပန်းတွေ ပွင့်ပုံ လှလွန်းတယ်
ရေးမှတ်ခဲ့သော နေ့စွဲကလေးမှာ
ပွင့်ချပ်တွေ ပါမလာဘူး
ဆုံစည်းခြင်း မဟာပေါက်ကွဲမှုရဲ
နောက်ဆက်တွဲကမ္ဘာ
မြူတွေထဲ ပြေးဝင်သွားတဲ့
ခြေကျင်းကလေး အသံစာစာမှာ
ဒုတိယမ္ပိ မခုန်ဆင်းနိုင်တော့တဲ့
ဝဲထဲ
နာကျင်မှုဟာလည်း အသားကျနေခဲ့ပြီးပါပြီ
ဇာတ်လမ်းအစမှာတင
ဝေးကွာခြင်း သေနတ်ပြောင်းဝဟာ
ကိုယ်စီတွေရဲ့ နားထင်ကို
တည့်တည့်ကြီး ထောက်လို့
နောက်ပြန်ငဲ့ကြည့်မိတိုင်း
ဘ၀မခြားခင်ကလေး ချစ်ခင်နေကြသော
ကြွေစဦး နှင်းများ။
အဝေးမှာ
ဘယ်သူ့ နာကျည်းရကောင်းမှန်းမသိတော့တဲ့
မီးခိုးနံ့သင်းနေတဲ့ တိမ်တွေ။

နွေရိပ်

No comments:

Post a Comment

Note: Only a member of this blog may post a comment.