Sunday, January 7, 2018

ရင်ကွဲစေတီ

နှလုံးသားက သိပ်ခိုက်တာပဲ
ထီးတော်တင်တိုင်း ပြတ်ကျတယ်။
ပန်းအကြောင်းပြောနေတုန်း
ဆူးချက်တွေချည်း ဝေဝေဆာဆာပွင့်ခဲ့သလိုမျိုး
ဂတ်စ်မီးတောက်ကလေးဟာ ဟုတ်ခနဲ ငြိမ်းသွားခဲ့တာပေါ့။
သစ်သားစားပွဲပေါ်က ထွင်းလက်စ
နာမည်စာလုံးကလေး
နေ့နာမ်မကိုက်သေ
စာအိတ်ဝါဝါတွေ။
သူ့ဂြိုဟ်တိုင်ကလေးမှာ
ပျော်ရွှင်စိတ်ကလေး ချိတ်ပိတ်ပြီး
ဆုံစည်းခဲ့ခြင်းကို လက်ျာရစ်ပူဇော်ခဲ့ပါတယ်။


နွေရိပ်
စက်တင်ဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.