Sunday, January 7, 2018

သဲအိမ်ကလေး

မပြိုကျခင်အထိတော့ ပျော်စရာပေါ့
ချစ်ခြင်းမေတ္တာဟာလည်း
စိုထိုင်းမှုနဲ့ တည်ဆောက်ယူရတာပါပဲ
ကွန်ပျူတာကီးဘုတ်ခလုတ်ကလေးတွေလိုမျိုး
ငါတို့ဟာ တဖြည်းဖြည်း ကျွံဝင်သွားခဲ့ကြ
နက်နဲတဲ့ လျှောက်လမ်းကလေးတွေ
အဲဒီအမှောင်ထောင့်ချိုးတွေထက်
ရေနွေးထဲ ကော်ဖီဖောက်ထည့်ပြီး
အဲဒီကော်ဖီထုပ်ကလေးနဲ့ပဲ မွှေပစ်လိုက်သလိုမျိုး
လတ်တလော ပျော်ဝင်လိုက်ကြ
အေးစက်တဲ့အခါ ပိုခါးလာသလိုပေါ
စိုထိုင်းမှုဟာ အငွေ့ပျံပါတယ်
တပွင့်ချင်း ပဲ့ကျဖို့အတွက်
တပွင့်ချင်းစေးကပ်ခဲ့ရခြင်းတံစက်မြိတ်ကလေး
ခပ်ဝေးဝေးမှ ကြည့်၍
ပိုလှသော သဲအိမ်တွေ..။


နွေရိပ်
စက်တင်ဘာ၊ ၂၀၁၇။

No comments:

Post a Comment

Note: Only a member of this blog may post a comment.