Sunday, January 7, 2018

ညီမလေးသို့ (၂)

"လူတွေကို ယုံကြည်မိရင် ရင်ကွဲရတာပဲ ကလေးရဲ့"

ညီမလေးကတော့ တိတ်ဆိတ်နေဆဲပင်

"အစ်ကို လူတွေကို မယုံဘူးသိလား..။ အဲဒီအစား သူတို့ဆီက ဖြာထွက်လာတဲ့အရောင်တွေ၊ သူတို့နဲ့ ရှိနေတုန်း အခိုက်အတန့် မှတ်ဉာဏ်ကလေးတွေကိုပဲ ယုံကြည်တော့တယ်။ အဆုံးထိပြောရရင် အဲဒီအချိန်ကလေးတွေဟာ စစ်မှန်တဲ့ တကယ့်အရှိတရား ညီမလေးရဲ့။ ဟန်ဆောင်နေရင်တောင်မှ ရှိနေခဲ့သေးတာမဟုတ်လား။ လူတွေပြောင်းလဲသွားတဲ့အခါ အဲ့အခိုက်အတန့်ကလေးတွေက လင်းနေတဲ့ မှတ်ဉာဏ်အဖြစ်ကျန်ခဲ့မှာ.."

ကျနော့်စကားအဆုံးမှာ ညီမလေး၏ မျက်ဝန်းတို့ အဝေးသို့ ဆွေးရီငေးမှုန်သွားလေသည်။ မှိုင်းညို့နေပေမဲ့လည်း ထိုတဒင်္ဂကလေးကို ကျနော်ယုံပါသည်။

No comments:

Post a Comment

Note: Only a member of this blog may post a comment.