မင်းမပါပဲ ငါ လွတ်မြောက်နေတယ်
ဒါမှမဟုတ် မင်းမပါပဲ ငါပိတ်မိနေတယ်
မင်းနဲ့ဝေးရင် သေလိမ့်မယ် နေခြည်ခိုင်*
ရေတွေနှလုံးသားထဲထိ စိမ့်နေအောင် ဘယ်သူတွေလောင်းခဲ့ဖူးသလဲ
လက်ပံတွေပျိုးလည်း ပွင့်လာတဲ့အချိန်မှာ
ရူးရမှာပါပဲ
ဒဏ်ရာပဲသိလား
အနာတရပဲ
မင်းနဲ့ဝေးရင် သေလိမ့်မယ် နေခြည်ခိုင်
ငါ့လက်နှဖက်နဲ့ တခုတ်တရလွှတ်တင်လိုက်ပေမဲ့
ငါ့ပင့်သက်ကလေးနဲ့ ထိမိသွားတဲ့
နေခြည်ခိုင်ဆိုတဲ့ စက္ကူလေယာဉ်ကလေး
ဘဝထဲမှာ ရှိဖူးတယ်
ခဏခဏပြတ်ကျတော့တာပဲ
ဆံဖျားကနေ ခြေထောက်ဖောင်းဖောင်းကလေးတွေအထိ
ဘယ်ဂုဏ်မြောက်တယ်လို့ ငါဖွဲ့ရမလဲ
သစ်ရွက်တွေလို နွေဦးပေါက်တဲ့အထိစောင့်တယ်
နေခြည်ခိုင်ရဲ့ ပြန်စာကလေးကို
ဘယ်ခေတ်မှာမှ ရှာမတွေ့တော့ဘူး
နောက်ဘဝကျရင် မင်းရှိတဲ့အခန်းမှာ
နေခြည်ခိုင်လို့ နာမည်ပေးထားတဲ့ စက္ကူလေယာဉ်ကလေးတွေ
ငါလာလွှတ်ဦးမှာပေါ့
မင်းနဲ့ဝေးရင် သေရမှာပါပဲ။
#NY_Naychikhaing
* အမည်မသိ လေးတန်းကျောင်းသားတဦး၏ပေးစာမှ
No comments:
Post a Comment
Note: Only a member of this blog may post a comment.