သွေးအန်တာကိုဖုံးဖို့ ကွမ်းစားတာဆိုတဲ့ ဘီဟာနယ်သားကို နင့်နင့်နဲနဲသတိရနေတယ်။ ငါရေးတဲ့စာတွေဟာလည်း ကွမ်းစားပြီး ဖုံးကွယ်တာပါပဲ။ ကွမ်းသွေးထက် ရဲတဲ့ နာကျင်မှုတွေ ဘယ်သူမှမသိလည်း တကယ်ရှိခဲ့တယ်။
Wednesday, September 4, 2019
မစ်ဒယ်ဖင်းဂါး
Plot twist အရဆို ငါ့ဈာပနမှာ တယောက်ယောက်လာတင်သွားတဲ့ ပန်းခွေကလေးကို
ပူးကပ်ပြီး ငါကိုယ်တိုင် ထိုင်ငိုနေခဲ့တာပဲ။ ပြီးတော့ အဆိပ်ဆူးကလေးအဖြစ်
ပြန်ရှင်လာတယ်။ မျက်ဝန်းတွေကို သတ်ချင်တယ် ပြောပြီး တိမ်တွေဆီ စိတ်မှန်းနဲ့
လှမ်းဆဲတယ်။ လူတွေရဲ့ အကောင်းမွန်ဆုံးမှတ်ဉာဏ်တွေကတောင် အရေးအကြောင်းမှာ
မကယ်တင်နိုင်တော့ခြင်းကို စက်ဆုပ်လို့ လောကကို ငါ ကျောခိုင်းခဲ့တာပဲ။
လက်ခလယ်အဖြစ် ဘဝမှာ နေထိုင်မယ်။ နောက်ပြီး မင်းတို့ရဲ့ နူးညံ့မှုဆိုတာတွေကို
ငါထိုင်ဆဲနေမှာပေါ့။ ချိုသာခြင်းဟာ နားကန်းတွေရဲ့ စောက်ရူးဂီတပဲ။
မထိုက်တန်လို့ ပွင့်မပြမယ့် ငါ့အမွန်အမြတ်ပန်းတွေ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.