Wednesday, September 4, 2019

Y For Yelling

တချို့ကြောင်တွေလိုနေမယ်။ မင်းမပန်မယ့် ဆူးတွေလို ခါးနေအောင် ပွင့်မယ်။ မပိုင်ဆိုင်ရမယ့် နှင်းချပ်ကလေးဟာ နွေရာသီနဲ့ ဘယ်တုန်းက ထိုက်တန်ခဲ့ဖူးလဲ။ ဝေဒနာကို ထိုင်မှတ်တဲ့ စိတ်ပြေရာဟာ 'နွေရိပ်ထဲမှာ တည်တဲ့နှင်းသစ္စာ' ပါပဲ။ တိတိကျကျပြောရရင် ငါရရှိခဲ့ဖူးတဲ့ သီချင်းစာသားကလေးပဲ။ အသံအိုးကလေးကို လွမ်းတယ်။ အဲ့သီချင်းကလေး ညည်းပြတဲ့အချိန် ချစ်တဲ့စိတ်ကလေးကို အသံအိုးထဲ ထည့်ဖွက်ထားခဲ့ဖူးမှာလို့ တွေးပြီး အဲဒီ အသံအိုးကလေးကို လွမ်းတယ်။ ချိုမြခဲ့ဖူးတာကလေးကလွဲရင် ဒဏ်ရာပါပဲ။ ထွက်ခွာသူငါဟာ တပြိုင်တည်းမှာပဲ ရပ်ကျန်သူ ဖြစ်နေခဲ့တာ။ ကိုယ့်ကျိန်စာကိုယ်မိနေတဲ့ မှော်မီးခွက်စုတ်ကလေးလိုပေါ့။ အလင်းတရားထဲ ခဏတိုင်း ပိတ်မိမှောင်မိုက်လို့..။

No comments:

Post a Comment

Note: Only a member of this blog may post a comment.