ရရှိနေခြင်း၌ကန်းခဲ့သောမီးစာတို့အား
မပေးအပ်တော့ခြင်းဖြင့် ငါ၏အလင်းကို ချုပ်ငြိမ်းလိုက်သည်။ လက်ဖဝါးကို
ဖြန့်ထားသောအခါ ဖြူလွသော နှင်းတို့ ပျော်ကျသံကို ကြားရ၏။ ငါပြုံးဖြစ်သည်။
တောင်ဝှေးအို၏ ဖေးမထောက်ကူနိုင်စွမ်း၌ လုံခြုံချမ်းမြနေသော အဘိုးအို၏
အပြုံးမျိုးဖြင့် ငါပြုံးသည်။ ကိုယ့်လမ်းကိုယ် ဟူသော စကား၏နောက်၌
သူ့လမ်းသူဟူသည့် ဂယက်အနက် တဆက်တည်း လောင်မြိုက်နေခြင်းကို သံသာရဟု
ခေါ်သည်လား။ ဆက်သွားရဦးမည်ကို သိပါသည်။ ရပ်တန့်စောင့်ဆိုင်းရခြင်းတွင်လည်း
စကားတည်ဦးမည်။ ပန်းရနံ့တို့ကို မြင်လာမိပြန်၏။ နွေ၌ကြွေသောသစ်ရွက်တို့ကို
သင်ဟု ငါဆိုမည်။
|
သွေးအန်တာကိုဖုံးဖို့ ကွမ်းစားတာဆိုတဲ့ ဘီဟာနယ်သားကို နင့်နင့်နဲနဲသတိရနေတယ်။ ငါရေးတဲ့စာတွေဟာလည်း ကွမ်းစားပြီး ဖုံးကွယ်တာပါပဲ။ ကွမ်းသွေးထက် ရဲတဲ့ နာကျင်မှုတွေ ဘယ်သူမှမသိလည်း တကယ်ရှိခဲ့တယ်။
Wednesday, September 4, 2019
N For Nothing Before Initial
Labels:
N For Nothing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.