သွေးအန်တာကိုဖုံးဖို့ ကွမ်းစားတာဆိုတဲ့ ဘီဟာနယ်သားကို နင့်နင့်နဲနဲသတိရနေတယ်။ ငါရေးတဲ့စာတွေဟာလည်း ကွမ်းစားပြီး ဖုံးကွယ်တာပါပဲ။ ကွမ်းသွေးထက် ရဲတဲ့ နာကျင်မှုတွေ ဘယ်သူမှမသိလည်း တကယ်ရှိခဲ့တယ်။
Wednesday, September 4, 2019
N For Nothing Initial
တယောက်ယောက်ကို ကောက်ရဖို့ နောက်ပြီး အဲ့ဒီတယောက်ယောက်ကိုပဲ အဓိပ္ပာယ်ရှိရှိ
ပျောက်ရှပစ်ဖို့ ကျနော်တို့ ရောက်လာခဲ့ကြတာပဲမလား။ လောကအကျယ်ကြီးထဲ
စိတ်လိုလက်ရ ပုခုံးချင်းဝင်တိုက်မိခဲ့ကြပုံတွေပေါ့။ ဘဝမှာ
ပြန်မထနိုင်တဲ့အချိန်တွေ ခပ်ကြာကြာကလေး ရှိဖူးသင့်တာပါပဲ။ ကိုယ့်
လဲကျခဲ့ပုံကလေး တစိမ့်စိမ့် တွေးဖို့။
Labels:
N For Nothing
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
Note: Only a member of this blog may post a comment.