Wednesday, September 4, 2019

Y For Yelling

ပြေမြင့်ရဲ့ ကဗျာတပုဒ်ထဲမှာ
"ငါဟာ
ကဗျာရေးသူကနေ ကဗျာဖတ်သူအဖြစ်
ငါ့ကိုယ်ငါ ကျွတ်တမ်းဝင်လိုက်ပြီ" ဆိုတဲ့အပိုဒ်ကလေးပါတယ်။
သိဒ္ဓတ္ထဝတ္ထုထဲ
အလင်းကိုတွေ့ရှိသွားသူဟာ
သူ့ကိုယ်သူ ကြယ်လိုကြွေပစ်လိုက်တာပဲ။
မီးခိုးတွေလို သိပ်ပေါ့ပါးချင်တာပဲ
ပြောပြောပြီး အဆုတ်ထဲကမှိုင်းတွေကို ထိုင်ငေးတယ်။
အခွံလို နေ့စွဲတွေထဲက
တွားသွားထွက်လာခဲ့တဲ့အိပ်မက်တွေလည်း
အချိန်တန် ပြန်နိုးလာရပြန်တာပါပဲ။
မှိတ်တုတ်မှိတ်တုတ်မီးကလေးတွေ
ပြတင်းကို ဖြတ်လာတဲ့မိုးစက်များ
ဘဝရဲ့
ဆန်တီယာဂိုငါးရိုးတွေ။
ဘယ်ဘူတာမှ မရပ်စေချင်တော့သော နေ့စွဲတွေဟာလည်း
အဲဒီနာရီကလေးမှာ ရပ်တန့်သွားရပြန်တာပါပဲ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.