Wednesday, September 4, 2019

Y For Yelling

ကျနော် ဖော်ပြသလောက်သာ ခင်ဗျားတို့ လက်ခံရရှိတာပါပဲ။ အသက်ပင်ကို ချိုင်သွားတဲ့ ပုဆိန်ရာတခုလုံးကို ပိုးစားပေါက်ကလေးလို့ သုံးပြီး၊ အစွန်အဖျားလောက်မျှ ပျော်ရွှင်ဖွယ်ရာကို အလင်းစက်ကလေးတွေ ခုန်နေတာနဲ့ နှိုင်းချင်နှိုင်းပြမိမှာပေါ့။ တကယ်ဆို နာစရာတွေဟာ မျက်ရည်ကြယ်တွေ ခူးဖို့သက်သက် တံချူကလေးတလက်မှ မဟုတ်လိုခဲ့တာ။ စိတ်ရင်းပါပဲ။ ကျနော် ဖော်ပြသလောက်သာ ခင်ဗျားတို့ လက်ခံရရှိမှာ။

No comments:

Post a Comment

Note: Only a member of this blog may post a comment.